Back to stories list
အပြစ်ပေးခြင်း
Punishment
Adelheid Marie Bwire
Melany Pietersen
Naw Thazin Hpway
The audio for this story is currently not available.
တစ်နေ့တော့ မေမေဟာ သစ်သီးတွေအများကြီး ယူလာပါတယ်။
One day, mama got a lot of fruit.
“သမီးတို့ဘယ်အချိန်လောက် အသီးတွေစားကြမလဲ” လိုမေးလိုက်တယ်။ မေမေက “သစ်သီးတွေကို ညကျရင် စားမယ်” လို့မေမေကပြောပါတယ်။
“When can we have some fruit?” we ask.
“We will have the fruit tonight,” says mama.
ကျွန်မရဲ့အစ်ကို ရာဟင်က လောဘကြီးပါတယ်။ သစ်သီးတိုင်းကို စားပါတယ်။ အများကြီးကိုစားပစ်လိုက်ပါတယ်။
My brother Rahim is greedy. He tastes all the fruit. He eats a lot of it.
ကျွန်မရဲ့ မောင်လေးက “ရာဟင်ဘယ်လိုလုပ်လိုက်သလဲဆိုတာ ကြည့်လိုက်ပါဦး” လို့ အော်လိုက်ပါတယ်။ “ရာဟာက အရမ်းဆိုးပြီးတစ်ကိုယ်ကောင်းဆန်တာဘဲ” လို့ကျွန်မက ပြောလိုက်ပါတယ်။
“Look at what Rahim did!” shouts my little brother.
“Rahim is naughty and selfish,” I say.
အမေဟာ ရာဟင့်ကို အရမ်းစိတ်ဆိုးသွားပါတယ်။
Mother is angry with Rahim.
ကျွန်မတို့အားလုံးလဲ ရာဟင်ကိုစိတ်ဆိုးသွားပါတယ်။ ရာဟင်ကတော့ စိတ်မကောင်းမဖြစ်ပါဘူး။
We are also angry with Rahim. But Rahim is not sorry.
ကျွန်မရဲ့ မောင်လေးက “ရာဟင်ကိုအပြစ်မပေးဘူးလား” လို့မေးပါတယ်။
“Aren’t you going to punish Rahim?” asks little brother.
မေမေက “ရာဟင်, သားသိပ်မကြာခင်နောင်တရလိမ့်မယ်” လို့သတိပေးပါတယ်။
“Rahim, soon you will be sorry,” warns mama.
ရာဟင်ဟာ သိပ်မကြာခင်နေမကောင်းဖြစ်လာပါတယ်။
Rahim starts to feel sick.
ရာဟင်က “သားဗိုက်က အရမ်းနာတာဘဲ” လို့တိုးတိုးလေးပြောပါတယ်။
“My tummy is so sore,” whispers Rahim.
မေမေက ဒီလိုမျိုးဖြစ်လာမယ်လို့ သိပြီးသာဖြစ်တယ်။ သစ်သီးတွေက ရာဟင်ကို အပြစ်ပေးနေပါပြီ။
Mama knew this would happen. The fruit is punishing Rahim!
နောက်တော့ ရာဟင်ဟာ ကျွန်မတို့ကို တောင်းပန်ကြောင်းပြောပါတယ်။ သူက “ငါဒီလိုမျိုး ဘယ်တော့မှလုပ်တော့မှာမဟုတ်ဘူး” လို့ ကတိပေးပါတယ်။ အဲ့ဒီတော့ ကျွန်မတို့အားလုံး သူ့ကို ယုံကြည်ပေးကြပါတယ်။
Later, Rahim says sorry to us. “I will never be so greedy again,” he promises.
And we all believe him.
Written by: Adelheid Marie Bwire
Illustrated by: Melany Pietersen
Translated by: Naw Thazin Hpway